Saturday 1 October 2011

♥မြတ်တဲ့လူဘုံပါ။♥

♥မြတ်တဲ့လူဘုံပါ။♥
ကာမ တဏှာ ဤရေတွင်းကား မခန်းဘယ်ခါ
စိတ်နဲ့ခန္ဓာ မလွဲဖောက်ပြန်
စိတ်စေရာသွား ထွန်သည့်နွားလား
သူခိုင်းစေရာ မငြင်းဆန်သမျှ
ဆုံလည်ကနွား ၀ဲလှည့်နေတာ
သတ္တလောက ဟောကြားဒေသနာ
မြတ်ဘုရားစေတနာ မေတ္တာ ဘ၀နာ
ရှုမှတ်ခါသာ စိတ်မှာသတိကပ်ကြည့် ဒီခန္ဓာ
အပုတ်ကောင်ကို ရုပ်ဆောင်နေတာ
အို နာ သေရေး မေ့နေအခါခါ
သတိကို ဥာဏ်ကပ် ရမှာ ဘ၀နာ
နိဗ္ဗာန်ရွှေပြည် ခရီးရောက်နိုင်မှာ
ကာမဘုံတွင်း ထပ်မဆင်းဖို့ရာ
စိတ်ကို သိအောင် အဖန်ဖန်စစ်မှတ် တရားပါတာ

ဒီလိုပဲ မြတ်ဘုရား ရှုခဲ့တာ
ငါတို့လည်း မှတ်သားရှုကြည့်ပါ။
မသူတော်လည်း ခဏလောက်ရှုကြည့်ပါ
သူတော်လည်းခဏလောက်ရှုကြည့်ပါ
အမှတ်မမှားးးးး တစ်ခဏတွင်း
မဂ်တော့ ရတတ်တာ
သေချာစစ်လေ စိတ်ထွေပြား အပြစ်တွေများ
ကြောက်စရာလူ့ဘုံပါ
ခဏလေးရောက် စိတ်အမှန်  တရား 
ယူတတ်ရင် မြတ်တဲ့လူဘုံပါ။


0 comments:

Post a Comment

 
;