Tuesday 4 October 2011

မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြား
ဘ၀…. ဆိုတဲ့ ဖယောင်းတိုင်လေးများ
ထွန်းညှိထားကြတယ်……
တတ်စွမ်းသမျှနှင့် ကံတရားအရပေါ့….

ဒီ… ဖယောင်းတိုင်လေးအတွက်
မျှော်လင့်ချက်… သွေး၊ ချွေးနှင့်
ဘ၀တွေ ပေးဆပ်ခဲ့ရတယ်….
ဘယ်သူဖြစ်ဖြစ်လေ……..

ထွန်းညှိတဲ့အခါမှာ…..
လေတွေလဲ လာမှာဘဲ
မီးခိုးတွေလဲ ထွက်မှာဘဲ….

ဘာဘဲဖြစ်ဖြစ်
ကိုယ့်ရဲ့ ၀န်းကျင်မှာ
ကိုယ်တိုင်ထွန်းညှိထားတဲ့
အလင်းရောင်လေးတွေကိုတော့
ရရှိစေသင့်တယ်။

လေလုံတဲ့ အခန်းအတွင်းက
မီးညွန့်လေးက လှပမယ်…..
တည်ငြိမ်နေမယ်လေ။

ဒါပေမဲ့……ကွယ်
သေချာသတိထားကြည့်မိမှ
သူ့ရဲ့ လောင်မြိုက်ခြင်းတွေအတွက်
သူရုန်းကန်နေရတယ်ဆိုတာ
သိခွင့်ရခဲ့တယ်……

သူ့အနေနဲ့လေ….
တကယ်ဆို အရှုံးပေးသင့်သလား
လောင်မြိုက်နေရခြင်းတွေအတွက်
အမုန်းတွေပေးသင့်သလား……

ကိုယ်တိုင်ထွန်းညှိခဲ့တဲ့ အလင်းရောင်လေးရဲ့
တောက်ပခြင်းတွေအတွက်
ခံစားရတဲ့ အရသာလေးကတော့
ပြောပြရ ခက်ပါလိမ့်မယ်……..
ကျေနပ်စွာနဲ့ပေါ့…….

0 comments:

Post a Comment

 
;